ကယ်တင်နိုင်သောနာမ/

ကယ်တင်နိုင်သောနာမ

KEY: D
၁၊၊ ကောင်းကင်အောက် မြေကြီးပေါ်  ကယ်တင်နိုင် သောနာမ
       လူတို့တွင် တစုံတယောက် ၌မျှမတွေ့၊                           
ကယ်တင်နိုင်သောနာမ၊ အခြားလူ ထံရှာမတွေ့ 
ကယ်တင်ရှင် ယေရှုခရစ်  နာမသာ။

ကျွန်ုပ်ကို ချစ်သောအရှင် ယေရှုခရစ်တော်
အခြားတွက် ကျွန်ုပ်၌ အသက်မရှိ
ကျွန်ုပ်အားကယ်တင်ကြောင်း လောကသိစေရန်
ဤလောက တွက်ကျွန်ုပ် အသက်စွန့်ပြီ။ 
      
၂၊၊ ဤလောက သည်ကျွန်ုပ် တွက်ကားတိုင်တော်ပေါ်တွင်
 ရိုက်သတ်ပြီ တန်ခိုးလှပခြင်းနှင့် ကျွန်ုပ်ပင် လောကတွက် 
 ရိုက်သတ်ခြင်း ခံရပြီ လောကနှင့် ခွဲခွာလျက်နေရပြီ၊၊

ကျွန်ုပ်ကို ချစ်သောအရှင် ယေရှုခရစ်တော်
အခြားတွက် ကျွန်ုပ်၌ အသက်မရှိ
ကျွန်ုပ်အားကယ်တင်ကြောင်း လောကသိစေရန်
ဤလောက တွက်ကျွန်ုပ် အသက်စွန့်ပြီ။ 
      

၃၊၊ လူဟောင်းသည် ခရစ်နှင့်အတူ ကားတိုင်တွင် တင်ရပြီ 
ကျွန်ုပ်၏ အနာများ ယူတင်ပြီ အပြစ်၏ တန်ခိုးသည် 
အောင်မြင်ခြင်း ခံရပြီ ခရစ်တော်၌ အသက်ရှင်လျက်  နေရပြီ။ 

ကျွန်ုပ်ကို ချစ်သောအရှင် ယေရှုခရစ်တော်
အခြားတွက် ကျွန်ုပ်၌ အသက်မရှိ
ကျွန်ုပ်အားကယ်တင်ကြောင်း လောကသိစေရန်
ဤလောက တွက်ကျွန်ုပ် အသက်စွန့်ပြီ။